Monday, December 3, 2007

လာဘ်မပိတ်အောင် ဒါတွေရှောင်

အိမ်ထောင်စု(သို့)မိသားစုတစ်စုတွင် စီးပွားရေးလာဘ်လာဘပွင့်လန်းအောင်နှင့် လာဘ်မပိတ်အောင် ရှောင်ရမည့်အချက်များ .................
၁။ ဈေးဆိုင်ဖွင့်ထားပါက ဈေးဦးပေါက် စတင်ရောင်းချစဉ် အကြွေးမရောင်းရ ။
၂။ နံနက်အိမ်ရာထ၌ မျက်နှာမသစ်၊ သွားမတိုက်ဘဲအစားမစားရ၊ ဧည့်ခန်းတွင် ငူငေါင်ကာ ထိုင်ငေးမနေရ ။
၃။ ညအိတ်ရာဝင်တော့မည်ဆိုပါက ခြေ၊ လက် မဆေးဘဲ မ၀င်ရ ။
၎။ စားသုံးထားသော အိုး/ပန်းကန်/ခွက်ယောက်များကို မဆေးကြောဘဲ ညမအိပ်ရ ။
၅။ ဈေးဆိုင်၊ အလုပ်စားပွဲစသည်တို့ကို နောက်ခိုင်း၍ မထိုင်ရ။ အလုပ်စားပွဲပေါ်သို့ တက်ထိုင်ခြင်း၊

အိပ်စက်ခြင်း၊ မပြုလုပ်ရ ။
၆။ နံနက်စောစော(သို့)ညဘက်၌ ခြေသည်း/လက်သည်းများ လှီးဖြတ်ခြင်းမပြုလုပ်ရ ။
၇။ နံနက်စောစော၌ ဆဲဆိုခြင်း၊ ကြိမ်းမောင်းခြင်း၊ ငိုကြွေးခြင်း၊ အမင်္ဂလာစကား မပြောရ ။
၈။ နံနက်စောစော၌ ကျက်သရေကင်းမဲ့သော သီချင်း/ဇာတ်လမ်းများ မဖွင့်ရ ။
၉။ နံနက်စောစော၌ မေထုံမှီဝဲခြင်း မပြုလုပ်ရ ။
၁၀။ အိမ်ရှေ့မျက်နှာစာ၌ လမ်းဘက်သို့ နောက်ခိုင်းမထိုင်ရ ။
၁၁။ အိမ်ဝင်ပေါက်ရှေ့၌ ကြိုးတန်း/၀ါးလုံးတန်းများ သွယ်တန်းမထားရ ။
၁၂။ အိမ်ရှေ့မျက်နှာစာ၌ အမျိုးသမီးအတွင်းခံ/ အ၀တ်များ မလှန်းရ ။
၁၃။ အိမ်ရှေ့မျက်နှာစာ၌ ကျင်ကြီး/ကျင်ငယ် မစွန့်ရ ။
၁၄။ နံနက်စောစော၌ လေမချွန်ရ/ ဇယ်မခုပ်ရ ။
၁၅။ ဈေးဆိုင်ခုံဖြစ်စေ၊ အလုပ်စားပွဲဖြစ်စေ၊ အရောင်းကောင်တာဖြစ်စေ စသည်တို့ပေါ်တွင် မေးမထောက်ရ/
လက်မထောက်ရ ။
၁၆။ သောက်ရေအိုးမှ ရေဖြင့် လက်မဆေးရ ။
၁၇။ သောက်ရေအိုးမှ ရေဖြင့် မျက်နှာမသစ်ရ ။
၁၈။ အိမ်ရှေ့ခန်း၌ မီးပူ/မီးဖိုတို့ မထားရ ။

+++++++++++++++++++++++++++++

No comments: